ဟင်္သာတ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့် အသိပညာပေး ၊နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ခရိုင်ဦးစီးမှုးဒေါ်ခင်စန္ဒာဆွေက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကလေးသူငယ်များအသိပညာ၊ ဗဟုသုတ၊ အတွေးအမြင်ကောင်များ ရရှိလာစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ ဖတ်ရှတတ်တဲ့ အလေ့အကျင့်များ ရရှိလာစေရန်နှင့် စာကြည့်တိုက်များကို အသုံးချတတ်ပြီး စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးလာစေရေး စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ လူငယ်များ အသိပညာ၊ဗဟုသုတရရှိစေရန် မှုးယစ်ဆေးဝါးအန္တရာယ် ၊လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသောအသိပညာပေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ ဆရာ/ဆရာမများ ၊ကျောင်းသားကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးခန့်က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)