သတင်းများ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 15,2024
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့သို့ ဇွန်လနှင့် ဇူလှိုင်လအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဇူလိုင်(၁၃)ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ် (၂) ရပ်ကွက်လမ်းရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကုက္ကိုပင်ဆွေးမြေ့လဲကျ၍ နေအိမ်ပျက်စီးခဲ့သည့် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးကို  နီးစပ်ရာဆွေမျိုးသားချင်းနေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
သရက်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်းလှမြို့နယ် လွန်ကျေးရွာတွင် ရေဘေးသင့်အိမ်ထောင်စု(၅၂)စုအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ပေး
Jul 15,2024
‌‌‌‌‌‌‌‌မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား‌‌‌ရေးဝန်ကြီးဌာန ‌‌ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မလွန်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျေးရွာမှ ဧရာဝတီမြစ်ရေဝင်ရောက်၍ စာကြောစာသင်တိုက်ကယ်ဆယ်ရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုး‌‌ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်(၁၁) နာရီခွဲက မလွန်ကျေးရွာရှိစာကြောစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ ဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ ပဲပုပ်စိုက်ပျိုးမည့် တောင်သူများအား  ဆီထွက်သီးနှံပဲပုပ်မျိုးစေ့ထောက်ပံ့ပွဲကို ယမန်နေ့တွင် ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်အိမ်ထောင်စုများ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ အဆိုပါ အိမ်ထောင်စုဝင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ က ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။
စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေဝင်ရောက်သည့်ကျေးရွာများမှ နွားတိရစ္ဆာန်ကောင်ရေ(၂၀၁၇)ကျော်အား ဘေးလွတ်ရာသို့ ဇက်သင်္ဘောဖြင့် ပြောင်းရွှေ့
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နေထိုင်ကြသည့် ကျေးလက်နေပြည်သူများ၏ နွားတိရစ္ဆာန်များကို ချောက်မြို့နယ်မှဇက်သင်္ဘောများဖြင့် ဘေးလွတ်ရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်သယ်ယူပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သင်ကြားနေသော ကိုယ်လုံပညာနှင့် ဓားသိုင်းသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး
Jul 15,2024
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်စိုးစိုးသက်သည် ယမန်နေ့ ညနေပိုင်းအချိန်ကဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားခန်းမ၌ ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော ကိုယ်လုံပညာနှင့် ဓားသိုင်းပညာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။