မိုင်းခတ်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်း ကျင်းပ

မိုင်းခတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း၊ လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အ‌ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်မည့် စာအုပ်အမျိုးအစားအကြောင်း ရှင်းလင်းပြောကြားကာ စာ‌ရေးဆရာမောင်မိုးယံရေးသားသည့် "လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်‌ရေးဆောင်းပါးများ"စာအုပ်မှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများလူငယ်အသင်း (Youth Club)မှ အဖွဲ့ဝင်‌ ကျောင်းသား၊ ကျောင်းသူများက "လူငယ်နှင့်ပရဟိတစိတ်၊ လူငယ်နှင့်စာ‌ပေမြတ်နိုးစိတ်၊ လူငယ်နှင့်လူမှုဆက်ဆံရေး" စသည့်ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)