မြောင်းမြမြို့နယ်၌ ဌာနဆိုင်ရာများအား ကိုဗစ် ၁၉ ရောဂါ (Pfizer)ကာကွယ်ဆေး ထိုးနှံပေး
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၁၂)ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။