ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ရေဝင်အိမ်ထောင်စုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလာရောက်၍ နေထိုင်စားသောက်မှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိရေဝင်ရောက်၍ ပြောင်းရွေ့နေထိုင်သည့်အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေတို့အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်(၁၀)အိတ်၊ ဆီပိဿာ (၂၀)၊ ဆား(၅) ပိဿာ၊ ပဲ(၅) ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ် (၄၅၀) ထုပ်၊ ရေသန့်ဘူး (၄၅၀) ဘူးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၃၇၈၀၀ိ/)ကျပ်တို့အား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဝင်ရောက်သည့်ရပ်ကွက်အတွင်း ရေမြင့်တက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။