အောင်လံမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ခေတ္တယာယီပိတ်ထား

 

အောင်လံ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ (၂၅၅၀) စင်တီမီတာဖြစ်ပြီး ယမန်နေ့ ၃ နာရီခွဲအချိန် မြစ်ရေတိုင်းတားချက်အရ (၂၅၆၂) စင်တီမီတာထိ ရောက်ရှိလာပြီး စိုးရိမ်ရေအမှတ်ထက် (၁၂) စင်တီမီတာ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၍မြင့်တက်လာမှု ကျောင်းဝန်းအတွင်း၌ မြစ်ရေများဝင်ရောက်လာခြင်းကြောင့် ၂၀၂၄ ဇူလိုင် ၁၅ ရက်နေ့မှမှစတင်၍ မိုးဖုန်းကျေးရွာအုပ်စု၊ မွေရိုးကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်လံမြို့နယ်၌ မြစ်ရေဝင်ရောက်မှုကြောင့် ထက်ဆင့် (၁)ကျောင်း၊ လယ်ဆင့် (၁)ကျောင်း၊ မူဆင့် (၁)ကျောင်း စုစုပေါင်း စာသင်ကျောင်း(၃) ကျောင်း ယာယီပိတ်ထားကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)