ကလော ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (P Fizer) ကိုမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာဝန်ထမ်းများ အားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင်ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်စုစုညိမ်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဇူလိုင်လ ၆ ရက်နေ့တွင် အောင်ပန်းမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်လည်ကောင်း၊ ဇူလိုင်လ ၇ ရက်နေ့မှ ၈ ရက် နေ့အထိ ကလောမြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်လည်းကောင်း၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဟဲဟိုးမြို့ တိုက်နယ်ကျန်းမာရေးဌာနတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများကို (P Fizer) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)