ပခုက္ကူမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်ပို့ချ

ပခုက္ကူ ဇူလိုင် ၇

ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်သူ့အတွက်ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင် ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ကို ယမန်နေ့မွန်းလွဲ၁နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ကျင်းပရာ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြော ကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁၄ ဦးအား ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ လောင်းကစားဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုးထမ်းဥပဒေ၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေစသည့် ဥပဒေဆိုင်ရာဘာသာရပ်များကို မြို့နယ်ဥပဒေအရာရှိနှင့် သင်တန်းနည်းပြများက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)