တန့်ယန်း ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သစ်တောထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအိုက်ပေါင်းအောင်က သစ်တောသစ်ပင် ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများ အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များအား ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)