လပွတ္တာ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေသူရိန်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် အ.ထ.က(၁)အသင်းနှင့် အ.ထ.က(၃)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒုတိယပိုင်းပွဲပြီးချိန်အထိ ဂိုးမရရှိသဖြင့် အချိန်ပိုကစားခဲ့ကြရာ အ.ထ.က (၃) အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုရရှိသည့် အသင်းများနှင့် အားကစားသမားများအား လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)