သတင်းများ

ခရမ်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့် စာအုပ်ပြပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ စိန်ရတုခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၌ သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှဦးဆောင်၍  ကျောင်းသား/ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် သစ်တောသစ်ပင် စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြော
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကိုကျောင်း သား/ကျောင်းသူများအတွင်း နှိုးကြားသောအသိစိတ်ဓာတ်ရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ အ.ထ.က (၁) ၌ အာဇာနည်နေ့ ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Jul 12,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သန်လျင်မြို့နယ်မှ အခြေခံပညာကျောင်းများသို့ လက်ဆေးဆပ်ပြာများထောက်ပံ့လှူဒါန်း
Jul 12,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး သန်လျင်ခရီးစဉ်အတွင်း ထောက်ပံ့လှူဒါန်းခဲ့သော လက်ဆေးဆပ်ပြာရည်နှင့် ကာဘော်လစ်ဆပ်ပြာများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်္ဂလာဒုံမြို့နယ်၌ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေး
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ စက်ရုံ (၄) ရုံသို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကောင်းမြတ်ရောင်း၀ယ်ရေး သမဝါယမအသင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြိုနယ်တွင် ကောင်းမြတ်ရောင်း၀ယ်ရေး သမဝါယမအသင်းလီမီတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
လှည်းကူးခရိုင်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၂ ရက် နံနက်၁၀နာရီက လှည်းကူးခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။