သတင်းများ

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်ကိုင်းမြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Jul 13,2024
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်ကိုင်းမြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဓမ္မဒူတမောင်မယ် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်သည်။
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်(၉) နာရီခွဲကမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ရှိ မဟာဝိသုတာရာမ(အလယ်တိုက်) စာသင်တိုက်နှင့်ပခုက္ကူဦးအုံးဖေစာကြည့်တိုက်များအတွင်း မြစ်ရေဝင်ရောက်
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်‌ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ရှိ မဟာဝိသုတာရာမ(အလယ်တိုက်) စာသင်တိုက်နှင့်ပခုက္ကူဦးအုံးဖေစာကြည့်တိုက်များအတွင်း မြစ်ရေဝင်ရောက်မှု များပြားလာလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြောင်ကျကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊  စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန့်နေ့နေ့လယ်(၁)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန် မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)  ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင်  ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ရရှိရေး ကွင်းဆင်းဆောင်ရွက်
Jul 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ရရှိရေး၊ သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန်ရည်ရွယ်၍ မိုးရာသီရာသီကာလတွင် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ မဖြစ်ပွားစေရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊  အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးမှ ကျန်းမာရေးဝန်ထမ်းများသည် ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အ‌ခြေခံပညာကျောင်းများတွင်  ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ်ပွားစေရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။