လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကောင်းမြတ်ရောင်း၀ယ်ရေး သမဝါယမအသင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြိုနယ်တွင် ကောင်းမြတ်ရောင်း၀ယ်ရေး သမဝါယမအသင်းလီမီတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် ကောင်းမြတ်ရောင်း၀ယ်ရေး သမဝါယမ အသင်းလီမီတက်ဥက္ကဋ္ဌ ဦးမြင့်သန်းကအမှာစကားပြောကြားပြီး အစုပေါ် အမြတ်ငွေများကို အသင်းသားများအား ထုတ်ပေးလျက်ရှိသည်။

ဆက်လက်၍ မေတ္တာရှင်ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ဒေါ်တင်တင်လှိုင်က အမှာစကား ရှင်းလင်းပြောကြားပြီး အသင်းသားများအား အစုပေါ်အမြတ်ငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)