ပေါက်ခေါင်းမြို့နယ်၌ မိုးရာသီ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဧကပေါင်း(၆၆၃၇၆)ဧကစိုက်ပျိုးပြီးစီး
Jul 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူအများစုသည် အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံများကိုမိမိတို့၏ လယ်မြေ၊ ယာမြေများတွင် စိုက်ပျိုးထားရှိရာ ယခုနှစ်မိုးရာသီတွင်လည်း ဆီထွက်သီးနှံနှင့်ပဲမျိုးစုံဧကပေါင်း(၆၆၃၇၆)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။