တောင်ငူမြို့၊ အ.ထ.က (၁) ၌ အာဇာနည်နေ့ ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

တောင်ငူ ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ထိုသို့ကျင်းပရာတွင်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး နော်ဖောဇာအေးနှင့် ဆရာမ ဒေါ်မြတ်မိုးနွယ်တို့မှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည် (၉)ဦးတို့၏ မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းမှုများကို အသိပညာပေး ဟောပြောဆွေးနွေးသည်။ ထို့နောက် အာဇာနည်နေ့အကြို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၈၀) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၄၀) ဦး ဝင်ရောက်ယှဥ်ပြိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)