တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်များခင်းကျင်းပြသ
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လာစေရန်၊ စာကြည့်တိုက်အားအသုံးပြုတက်စေရန် ရည်ရွယ်၍ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။