ရန်ကုန် ဇူလိုင် ၁၂
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး သန်လျင်ခရီးစဉ်အတွင်း ထောက်ပံ့လှူဒါန်းခဲ့သော လက်ဆေးဆပ်ပြာရည်နှင့် ကာဘော်လစ်ဆပ်ပြာများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမရှိစေရေး မြို့နယ်အတွင်းအရှိန်မြှင့် ဆောင်ရွက်လျက်ရှိသော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ထောက်ပံ့လှူဒါန်းခဲ့သော လက်သန့်ဆေးရည်နှင့် ကာဘော်လစ်ဆပ်ပြာများကို တာဝန်ခံမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများထံ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ