သတင်းများ

ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ စောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့ စောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မင်းဘူး(စကု)မြို့နယ်မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်အများအပြားနစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာကြသော ရေဘေးဒုက္ခသည်များကို ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးခြင်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများ ပေးအပ်ခြင်းများကို ယမန်နေ့ညနေ(၃)နာရီအချိန်က မင်းဘူးမြို့ မှန်ကင်းကျောင်းတိုက် စိန်ခြည်လင်းဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ၈ စင်တီမီတာခန့် ကျဆင်း
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်၂၁၅၀ စင်တီမီတာအောက် ၈ စင်တီမီတာခန့် ကျဆင်းလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ အ.ထ.က(ခွဲ)ကျောင်းတွင် မြတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျောင်းဘုရားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့၌ မြစ်မခမြစ်ရေတိုးမြင့်လာမှုကြောင့် ပိတ်ထားရသော အခြေခံပညာကျောင်း (၇)ကျောင်းအထိရှိလာ
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အနောက်ဘက်ခြမ်းရှိ မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိ ကျောင်းပိတ်ထားရသော အခြေခံပညာကျောင်း (၇)ကျောင်းအထိရှိလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြား
Jul 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက ပု‌ဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တာချီလိတ်မြို့ ရွှေဝါနဒီပန်းခြံ အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Jul 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စည်ပင်သာယာရေးဌာနပိုင် ရွှေဝါနဒီပန်းခြံအား အများပြည်သူအပန်းဖြေအနားယူနိုင်သည့် ပန်းခြံအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ပန်းခြံတည်ဆောက်မည့်မြေနေရာ၌ ကျင်းပခဲ့သည်။