တနင်္သာရီ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးပညာပေးနှိုးဆော်ပေးခြင်းပူးပေါင်းဆောင်ရွက်
Sep 15,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူး ဦးကျော်ဆန်း နှင့်ဝန်ထမ်းများသည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းပြီး ယမန်နေ့ ည၇နာရီခွဲအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ ဆိုင်ရာများကို အသိပညာပေးခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်း Maskနှင့် ပညာပေး လက်ကမ်း စာစောင်များကို (အခမဲ့) ဝေငှပေးခြင်းနှင့် ပညာပေး ပိုစတာများကပ်ထားကြော်ငြာပေးခြင်းတို့အား မိဘပြည်သူများအပါအဝင် ခရီးသွား ပြည်သူများက သတိရှိရှိ အသိရှိလိုက်နာနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးကြကြောင်း သိရှိရသည်။