မြစ်ကြီးနား ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက် Light For All Nations Ministry ကျမ်းစာသင်တန်းကျောင်းရှိ သင်တန်းခန်းမ၌ “အနာဂတ်လူငယ်နှင့် အနာဂတ်တိုင်းပြည်” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအဆိုပါသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦးက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အိအိအေးက တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးတိုးတက်ရေးကဏ္ဍဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သူ အားကစား ကဏ္ဍဖြင့်လည်းကောင်း၊ စာရေးဆရာအကြီးကိုကို(ကသာ)က “အနာဂတ်လူငယ်နှင့် အနာဂတ် တိုင်းပြည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင် ဦးစီးမှူး ဦးကျော်ထက်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက်အဆိုပါကျောင်းအတွက် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ သုတရသစာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)