လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း)၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၈) နာရီအချိန်က ညောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရပ်ကွက်များတွင် ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲပေးခြင်း၊ အစာမစားမီနှင့် အိမ်သာမှဆင်းလျှင် လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောရန်နှင့် ရေစည်ရေအိုးများအတွင်း ကလိုရင်းဆေးခတ်ခြင်း၊ ထုံးမှုန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ပရဟိတအဖွဲ့၀င်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)