ချောက်မြို့၌ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြော

ချောက်  ဇူလိုင် ၁၂

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့၌ ဧရာဝတီမြစ်​ရေမြင့်တက်လာ၍ မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများ ဝင်ရောက်လာသဖြင့်​ ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ  ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ရေဘေးရှောင်​​ပြည်သူ (၃၄၄)ဦးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၇၂၂၄၀၀)ပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ည​နေ ၃ နာရီအချိန်က ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ ​မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဦး​စောမြဖောင်းနှင့် တာဝန်ရှိသူများက ​သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ရေဘေးရှောင်ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေးရရှိသုံးစွဲနိုင်ရေးနှင့် မြွေအန္တရာယ်သတိပြုကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။

ထိုသို့​ ထောက်ပံ့​ငွေများ ပေးအပ်ရာတွင် အမှတ်(၄) ရပ်ကွက်မှ ရေဘေးရှောင် အိမ်ထောင်စု (၂၈)စု၊ လူဦးရေ (၁၄၇)ဦး၊ အမှတ်(၃)ရပ်ကွက်မှ ရေဘေးရှောင်အိမ်​ထောင်စု (၂၄)စု၊ လူဦးရေ (၉၇)ဦး၊ အမှတ်(၇) ရပ်ကွက်မှ ရေဘေးရှောင်အိမ်​ထောင်စု (၂၂)စု၊ လူဦးရေ (၁၀၀)ဦး၊ စုစုပေါင်း လူဦးရေ (၃၄၄)ဦးအတွက် လူတစ်ဦးလျှင် (၂၁၀ဝ)ကျပ်နှုန်းဖြင့် ဆန်ရိက္ခာ​ထောက်ပံ့ငွေ စုစု​ပေါင်း​ငွေကျပ် (၇၂၂၄၀၀) ​ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ကျော်မိုး(ပြန်/ဆက်)