ပေါင်းတည်၌ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော
Jul 13,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဟင်္သာကန်)တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပြုလုပ်ခဲ့သည်။