ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထက် ၁၂၅စင်တီမီတာအထိ မြင့်တက်
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်၆နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၇၅စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့ စိုးရိမ်ရေမှတ် ၂၁၅၀စင်တီမီတာထက် ၁၂၅စင်တီမီတာအထိ ကျော်လွန်မြင့်တက်ဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။