ဘုတ်ပြင်းမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

ဘုတ်ပြင်း ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းပြိုင်ပွဲအနေဖြင့် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန် ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ(၉) ဦး၊ အလယ်တန်းအဆင့် တွင် မမေ့စဉ်လာအာဇာနည်နေ့အချိန်အခါ ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၄) ဦး၊ မူလတန်းအဆင့်တွင် လေးမြတ်ဂုဏ်ရည်အာဇာနည် ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၂၄) ဦး၊ကဗျာပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် အာဇာနည်နေ့မှသည် အနာဂတ်ခေတ်သစ်ဆီသို့ ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ(၇) ဦး၊ အလယ်တန်းအဆင့်တွင် အာဇာနည်မြတ်မမေ့အပ် ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၀) ဦး၊  စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၄)ဦး ဖြေဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အ.ထ.က-ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)