ရတနာပုံတက္ကသိုလ်၌ သင်ကြားသင်ယူမှု၊ ဘာသာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jul 16,2024
၈-၇-၂၀၂၄ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ သင်ကြားသင်ယူမှု၊ ဘာသာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ Assessment, Research and Innovation, Teaching and Learning, Access Education, Distance Education ခေါင်းစဉ်(၅)ခုဖြင့် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရတနာပုံတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် အသီးသီးမှ ပါမောက္ခ(ဌာနမှူ)များ တက်ရောက်ကြသည်။