ဟင်္သာတ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လယ်ယာသုံး စက်ကရိယာ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း ဖွင့်ပွဲကျင်းပ

ဟင်္သာတ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ဟင်္သာတမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော (၁/၂၀၂၄_၂၀၂၅) လယ်ယာသုံးစက်ကရိယာ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ အမှတ် ၂ အလတ်စားစက်ပြင်အလုပ်ရုံ သင်တန်းခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသော်ဇင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ကျော်သန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ယခုသင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ ခင်းကျင်းပြသထားသော စက်မှုလယ်ယာသုံးစက်ပစ္စည်းကိရိယာများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ပြီး သင်တန်းအား သင်တန်းသား (၃၀) ဦးဖြင့် ၁၅.၇.၂၀၂၄ ရက်နေ့မှ ၂၆.၇.၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်အကြာ စာတွေ့/လက်တွေ့ဖွင့်လှစ်သင် ကြားသွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်သန်းနှင့် ဝန်ထမ်းများ၊ ဟင်္သာတခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးသော်ဇင်မောင်နှင့် ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များနှင့် သင်တန်းသားများ စုစုပေါင်း အင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)