ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

ကော့သောင်း ဇူလိုင် ၁၅

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) အချိန်က ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၈)ဦးတို့က " အာဇာနည်နေ့ဒို့မမေ့" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်‌‌ထောက်ညွှန်ကြားရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ခရိုင်ပြန်ကြာရေးနှင့်ပြည်သူဆက်ဆံ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)