အောင်လံမြို့၌ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့

အောင်လံ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဇူလိုင်လ (၁၃) ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သရက်တော၊ စက်ရုံ၊ စမ်းချောင်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများကို ယနေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် အောင်လံမြို့နယ် သရက်တောရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၈၂) စု၊ လူဦးရေ(၃၁၃)ဦး၊ စက်ရုံရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၄၁)စု၊ လူဦးရေ (၁၇၁) ဦး၊ စမ်းချောင်းရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၆၀) စု၊ လူဦးရေ (၂၁၈) ဦးအား ဆန်ရိက္ခာဖိုး (၇) ရက်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများ၊ ရေသန့်ဗူးနှင့် ဆေးဝါးများစသည်တို့ကို အောင်လံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်များ ပူးပေါင်း၍ စုစုပေါင်းငွေကျပ်(၁,၄၇၄,၂၀၀/-) (တစ်ဆယ့်လေးသိန်းခုနှစ်သောင်းလေးထောင်နှစ်ရာတိတိ) လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)