မြိတ် ဇူလိုင် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်ပြပွဲကို ယနေ့ နေ့လယ် (၂) နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် နိုင်ငံလူမျိုးအတွက် အသက်သွေးချွေးပေးဆပ်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းကို ကျောင်းသား/သူများအား အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ဟောပြောပွဲ တက်ရောက်လာကြသည့် ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများ၏ ကဗျာရွတ်ဆိုခဲ့ကြပြီး နံရံကပ်စာစောင်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲအား ကြည့်ရှုလေ့လာအားပေးခဲ့ကြသည်။ ထို့အတူ အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲကို ကလေးစာဖတ်ခန်းတွင် ပြုလုပ်ခဲ့ရာ ကျောင်းသား/သူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက်)