သတင်းများ

ဇီးကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသောစားသုံးဆီများ ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jul 08,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသော စားသုံးဆီများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၇ ရက်နေ့  နေ့လယ် ၁ နာရီက ဇီးကုန်းမြို့နယ် မြို့မစျေးနှင့် ဈေးပတ်ဝန်းကျင်၌ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်အခြေခံပညာကျောင်းများတွင် အသက် (၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်း ဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jul 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဇူလိုင်လ (၇) ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်က သူနာပြုသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ဇေယျာသီရိမြို့နယ် ပညာရေးမှူးဖလား မူလတန်းဆင့် ကျောင်းပေါင်းစုံအရပ်(၄ပေ၉လက်မ)အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
Jul 08,2026
၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ဇေယျာသီရိမြို့နယ်ပညာရေးမှူးဖလား မူလတန်းဆင့်ကျောင်းပေါင်းစုံ အရပ်(၄ပေ၉လက်မ)အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းကအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု အခမ်းအနားတက်ရောက်
Jul 08,2026
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းကပြုလုပ်သည့် ရှမ်းပြည်နယ်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်းများအား လွှတ်တော်အတွေ့အကြုံများအား  ရှင်းလင်းဆွေးနွေး
Jul 08,2026
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦး​သိန်းထွန်းဦးဆောင်သော လွှတ်တော်ရေးရာကော်မတီမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတို့ပါဝင်သော လွှတ်တော်ရေးရာကော်မတီမှတာဝန်ရှိသူများသည် ဖျာပုံခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်အဆင့်ဌာနဆိုင်ရာများ(ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး)မြို့နယ်များမှဌာနဆိုင်ရာများ၊ (၄)မြို့နယ်မှစီးပွားရေးလုပ်ငန်းရှင်များနှင့် လွှတ်တော်အတွေ့အကြုံများ တွေဆုံရှင်းလင်းပွဲကို ဇူလိုင် (၇)ရက် နံနက် (၉)နာရီက ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပကြသည်။
ကချင်ပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သက်သာသော သတ်မှတ်ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားမည်
Jul 08,2026
ကချင်ပြည်နယ်အတွင်း စားအုန်းဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချရာတွင် သက်သာသော သတ်မှတ်ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကချင်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကျင်းပ
Jul 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇူလိုင်  ၇ ရက် မွန်းလွဲ ၁ နာရီ က အမှတ်(၃)အ‌ခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။