သတင်းများ

မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးဆောင်ရွက်
Jul 08,2026
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးကုသပေးခြင်းများကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
ရပ်စောက်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်
Jul 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နောင်ခမ်း၌ မြို့နယ်ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ မြို့နယ်ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းမှကြီးမှူး၍ ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက (ဆို၊ က၊ ရေး၊ တီး) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မြို့နယ်ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းကကြီးမှူး၍ ဖွင့်လှစ်သော ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက (ဆို၊က၊ရေး၊တီး) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ခရိုင်ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးငွန်ဘွလ်ထန်၊ ဟုမ္မလင်းခရိုင် ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်အဖွဲ့ဝင်များ၊ ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းဇော်လွင်မြင့်၊ ရှမ်းရိုးရာယဥ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ မောသွန်လုင်းစိုင်းခေးလျိုနှင့် နည်းပြဆရာများ(တောင်ကြီး)နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 08,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်သူများအား ဆုပေးပွဲကျင်းပနိုင်​ရေးနှင့် (မြို့နယ်အဆင့်) ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်
Jul 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပေးအပ်ပွဲနှင့် ဆိုကရေးတီးပြိုင်ပွဲ (မြို့နယ်အဆင့်) ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး(ယာယီ)နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ကဝမြို့နယ် မူလွန်(ဝင်းကမူ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 08,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မူလွန်(ဝင်းကမူ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ နွေစပါးများ ရိတ်သိမ်းလွန်၍ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ရိတ်သိမ်းခြွေလှေ့ စက်များဖြင့် ဝန်ဆောင်များပေး
Jul 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး စပါးသီးနှံကိုအဓိထားစိုက်ပျိုးကြပြီး  ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွေစပါး ၃၅၅၉ ဧက စိုက်ပျိုးခဲ့ပြီး မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ နွေစပါးများ ရိတ်သိမ်းလွန်၍ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ
Jul 08,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။