ညောင်ရွှေ ဇူလိုင် ၈
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းကပြုလုပ်သည့် ရှမ်းပြည်နယ်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှုင်းတစ်ပ် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီနှင့် မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေး ရှင်း ဒုတိယဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးတို့က ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးက ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများ၏ ပြိုင်ပွဲယှဉ် ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေး၍ ကျောင်းစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ သည်။
၎င်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ကျေးရွာစာကြည့်တိုက်များအတွက် သုတ၊ ရသ စာအုပ်စာစောင်များနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် မိုင်းသောက်ကျေးရွာရောင်ခြည်ဦး စာကြည့်တိုက်အတွင်း စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုအဖြစ် စာကြည့်တိုက်ပညာသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေး၍ သင်တန်းတက်ရောက်နေသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ