သတင်းများ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် ၊မိုင်းသောက်ကျေးရွာ၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jul 08,2026
ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်၊လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ် ကျင်းပသည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၇) ရက်နေ့၊ မနက်ပိုင်းက၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်‌ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အင်းသား တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ‌ဒေါ်တင်တင်ရီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်‌ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ပြည်နယ်/ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
တောင်ကြီးမြို့၌ ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်း(SSRESA)၏ အသင်းသား/အသင်းသူသစ်များအား ကြိုဆိုမိတ်ဆက် 
Jul 08,2026
ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်း(SSRESA)၏ အသင်းသား/ အသင်းသူအသစ်များ အား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားကို ဇူလိုင်လ(၇)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ စန်းစန်းခန်းမ၌ ကျင်းပကြောင်းသိရသည်။
ကလေးဝမြို့တွင် စပါးတိုက်ရိုက်စိုက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း နည်းပညာ မိတ်ဆက် ကွင်းသရုပ်ပြပွဲပြုလုပ်
Jul 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် စပါးတိုက်ရိုက်စိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းနည်းပညာ မိတ်ဆက်ကွင်းသရုပ်ပြပွဲကို အမှတ်(၂) ရပ်ကွက် တောင်သူ ဦးမောင်ဝင်းပိုင် သရဖီကွင်း ဦးပိုင်အမှတ် ၈/၁၆  တွင် ယနေ့နံနက် (၈)နာရီက ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
လင်းခေးမြို့ ရွှေတောင်တန်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်က  အမြတ်ငွေများပေးအပ်၊ အလုပ်အမှုဆောင်အဖွဲ့သစ်ရွေးချယ်တင်မြှောက်
Jul 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ ရွှေတောင်တန်းငွေစုငွေချေးသမဝါယမအသင်း လီမိတက်က အသင်းဝင်များ၏ (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်စုဆောင်းငွေအပေါ် အတိုးနှင့်အစုအပေါ် အမြတ်ငွေများပေးအပ်ခြင်းနှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့သစ်ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့ ဝမ်လွိုင်ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။
တပ်ကုန်းမြို့၌ တီဘီရောဂါကင်းဝေးစေရေး (TB mobile) ကွင်းဆင်းဆောင်းရွက်
Jul 08,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့၊ ရွှေမြို့တိုက်နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍တီဘီရောဂါကင်းဝေးစေရေး (TB mobile) ကွင်းဆင်းဆောင်းရွက်ခြင်းကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက အောင်မြေရိပ်သာ ကျေးရွာအုပ်စု၊ ဒယောက်ကူးကျေးရွာ ဓမ္မာရုံတွင် စစ်ဆေးများနှင့်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
နတ်မောက်မြို့ မြို့မဈေးကြီး၌ စိန်တစ်လုံးသရက်သီးများဈေးကောင်း၍ ရောင်းချသူများ အဆင်ပြေ
Jul 08,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း၌ ဒေသထွက်သရက်သီးများ ရှားပါးလာတာကြောင့် တောင်ပေါ်ဒေသထွက် စိန်တစ်လုံးသရက်သီးများ ဝယ်ယူ၍ ရောင်းချရာ ဈေးကောင်းရရှိသဖြင့် အဆင်ပြေကြောင်း ဝယ်ယူရောင်းချသူများထံမှ သိရသည်။
ညောင်ဦးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေး
Jul 08,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ဇူလိုင် ၈ ရက်၊နံနက် ၉ နာရီခွဲအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
တောင်ငူမြို့ အထက (၄)၌ UID ကတ် နှင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေး
Jul 08,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အထက(၄)၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယမန်နေ့က UID ကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးသည်။