သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားရေးရာဝန်ကြီးဌာန၏ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်
Jul 09,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၈ နာရီက အားကစားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ငြိမ်းချမ်းသာယာပြည်သူ့အားကစားကွင်းအတွင်း ကျင်းပ ပြုလုပ်ခဲ့ကြသည်။
အ.ထ.က(၁)မြန်အောင်၌ အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်က အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး၊ နိုင်ငံ သား စိစစ်ရေးကတ်နှင့်UID ကတ်များဆောင်ရွက်ပေးခြင်းအခမ်းအနားကိုကျောင်းခန်းမ၌ ပြုလုပ်သည်။
ကျောက်ဖြူမြို့၌ လေပြင်းဘေးကြောင့် ထိခိုက်သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်      
Jul 08,2026
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဇူလိုင် ၆ ရက် နံနက်ပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းဘေးဒဏ်ကြောင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ယင်းသို့ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူများထံသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို  ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများက တောင်ရင်းရပ်ကွက်နှင့် အရာရှိရပ်ကွက်တို့တွင် ထောက်ပံ့ပေးအပ်သည်။
ဟုမ္မလင်း​​မြို့နယ် မိုဝိုင်းလွတ်​မြို့၌ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း​ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကျင်းပ
Jul 08,2026
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ် မိုဝိုင်းလွတ်မြို့၌ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး​ ဦးငွန်ဘွလ်ထန်၊  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်အဖွဲ့ဝင်များက ဇူလိုင် ၈ ရက် နံနက် ၉ နာရီတွင် မိုဝိုင်းလွတ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊  ရပ်မိ၊ရပ်ဖများနှင့်တွေ့ဆုံ​ပွဲပြုလုပ်သည်။
မြိတ်မြို့နယ်အတွင်း ပင်လယ်ရေငန်ဝင်ရောက်သည့် လယ်များတွင် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်
Jul 08,2026
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတွင် ဇူလိုင်(၈)ရက် နံနက်ပိုင်းတွင် တောင်သူများအား ပင်လယ်ရေငန်ဝင်ရောက်နိုင်သည့် ဧရိယာများ၌ ဆားငန်ဒဏ်ခံ စပါးမျိုးများ စိုက်ပျိုးခြင်းနည်းပညာပေးဆွေးနွေးသည်။
ဘားအံမြို့၌ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ကျောင်းသူ  ၂၂၀၀ ပါဝင်ဆင်နွှဲ
Jul 08,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပတ်ဝန်းကျင် ဒေသများရှိ အခြေခံပညာကျောင်းပေါင်း  ၁၈ ကျောင်းမှ ကျောင်းသား၊ကျောင်းသူ  ၂၂၀၀ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထန်းတပင်မြို့နယ်၌ ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးရေးဇုန်( RICE EXPORT ZONE) စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများထံသို့ သွင်းအားစုများပေးအပ်
Jul 08,2026
ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများထံသို့ သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။