သာယာဝတီမြို့နယ်၌ နို့တိုက်ကျွေးရေးစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၂၀၀၀)အား နွားနို့တိုက်ကျွေး
Jul 08,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးခြင်းကို နှစ်စဥ်ဆောင်ရွက်ပေးလျှက်ရှိရာ ဇူလိုင် ၇ ရက် နံနက် ၉ နာရီက အ.ထ.က(သုံးဆယ်)နှင့်အ.ထ.က(ခွဲ)လိပ်အင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၃၅၀)အား နွားနို့တိုက်ကျွေးပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက ကျောင်းသား၊ ကျောင်းသူများ ပိုမိုအာဟာရပြည့်ဝစွာစားသုံးနိုင်စေရန်ငှက်ပျောသီးကျွေးဝေခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးမင်းဇော်တို့မှ ကျောင်းသားကျောင်းသူများအား နွားနို့သောက်သုံးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ဟောပြောခြင်းများဆောင်ရွက်သည်။