ဖျာပုံ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းဦးဆောင်သော လွှတ်တော်ရေးရာကော်မတီမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတို့ပါဝင်သော လွှတ်တော်ရေးရာကော်မတီမှတာဝန်ရှိသူများသည် ဖျာပုံခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်အဆင့်ဌာနဆိုင်ရာများ(ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး)မြို့နယ်များမှဌာနဆိုင်ရာများ၊ (၄)မြို့နယ်မှစီးပွားရေးလုပ်ငန်းရှင်များနှင့် လွှတ်တော်အတွေ့အကြုံများ တွေဆုံရှင်းလင်းပွဲကို ဇူလိုင် (၇)ရက် နံနက် (၉)နာရီက ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပကြသည်။
အဆိုပါ လွှတ်တော်အတွေအကြုံများ တွေဆုံရှင်းလင်းပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဖျာပုံခရိုင်နယ်မြေ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊လူမှုရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပြောကြပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းပြောကြားကြသည်။
ထိုနောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစောသက်နိုင်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးတို့က လွှတ်တော်ဆိုင်ရာအတွေ့အကြုံများနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများအား ရှင်းလင်းပြောကြားကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော (၄)မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်းများမှ မိမိတို့မြို့နယ်အလိုက် ဒေသဆိုင်ရာလိုအပ်ချက်များအား တင်ပြတောင်းခံကြရာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)