ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်အခြေခံပညာကျောင်းများတွင် အသက် (၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်း ဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

 ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ခင်ဦး ဦးဆောင်၍ ဝန်ထမ်းများက ကျောင်းရှိ အသက် (၁၀) နှစ်ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူ (၃၂) ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး၊ ထိုသို့ဆောင်ရွက်ပေးရာသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်အေးအေးမြင့်၊ ဦးဝင်းကျော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဝေယံ(ပြန်/ဆက်)