သတင်းများ

ဖြူးမြို့နယ်၌ ကျောင်းသားကျောင်းသူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်
Jul 08,2026
တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ဖြူးမြို့နယ်တပ်တွင်းအလက(ခွဲ)ကျောင်းရှိ ကျောင်းသားကျောင်းသူများအား ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇူလိုင် ၇ ရက် မွန်းလွဲ(၁)နာရီခွဲက သွားရောက်ဆောင်ရွက်သည်။
ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အတွင်းရေကျော်ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ် အ.မ.က-အောင်သပြေကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်
Jul 08,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၇)ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ အ.မ.က-‌‌ အောင် သပြေကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။
သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၆) ပြုလုပ်
Jul 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၆) ကို ယနေ့ဇူလိုင်လ ၇ ရက်နေ့၊နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြူလုပ်ခဲ့သည်။
မော်လမြိုင်မြို့နယ်၌ မွန်ပြည်နယ်စာရင်းစစ်ချုပ်မှ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ
Jul 08,2026
မွန်ပြည်နယ်စာရင်းစစ်ချုပ်မှ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင် ၇ ရက်  နံနက်ပိုင်းက မော်လမြိုင်မြို့ ခရိုင်စာရင်းစစ်ရုံး၌ ကျင်းပသည်။
ထားဝယ်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 08,2026
ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက ရက် ၁၀၀ စီမံချက်အရဆောင်ရွက်သည့် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
မုံရွာမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Jul 08,2026
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အမှတ် (၁၄) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မုံရွာ)နှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ လူကုန်ကူးမှုအန္တရာယ် အသိပညာပြန့်ပွားရေးရည်ရွယ်လျက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီက မုံရွာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
လားရှိုးမြို့တွင် ပြည်သူ့အကျိုးပြု ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကျင်းပ
Jul 08,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊  တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ပြည်သူ့အကျိုးပြု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၇ ရက်က သူနာပြုသင်တန်း‌ကျောင်း (လားရှိုး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။