သတင်းများ

ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်-၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။         
ကြံခင်းမြို့နယ်၌ တိရစ္ဆာန်အစာကောက်ရိုးအား တန်ဖိုးမြင့်အစာအဖြစ် ပြုပြင်ကျွေးမွေးနည်းစနစ်များကို တောင်သူပညာပေးသရုပ်ပြ
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားမွေးမြူလျက်ရှိသည့် တောင်သူများအား တိရစ္ဆာန်အစာပေါများစေရန်နှင့် ဒေသထွက် တိရစ္ဆာန်အစာများအားတန်ဖိုးမြင့်တိရစ္ဆာန်အစာအဖြစ် ပြုပြင်ကျွေးမွးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် တောင်သူပညာပေး သရုပ်ပြသခဲ့သည်။
နတ်မောက်မြို့၌ ပုဒ်အထားအသိုမှန်အောင် ဝါကျရေးနည်းနှင့် စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်
Aug 07,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပုဒ်အထားအသိုမှန်အောင် ဝါကျရေးနည်းနှင့် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။  
မိုင်းရှူးမြို့၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Aug 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်း(TOT) ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း(TOT) ဖွင့်ပွဲအခမ်းအနားကို ပုသိမ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Aug 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)၊ အ.လ.က(၆) အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများမှ အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပူဇော်
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိကသံဃာ့ဒါနအာရုဏ်ဆွမ်း၊ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို သာသနာနှစ် ၂၅၆၈၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်နေ့၊ ယမန်နေ့နံနက် ၄ နာရီခွဲအချိန်ကစတင်၍ သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းမြတ်သူနှင့်ဝန်ထမ်းမိသားစုများမှ အရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။
ရေကြည်မြို့နယ်၌ တိရစ္ဆာန်အစာကောက်ရိုးအား တန်ဖိုးမြင့်အစာအဖြစ် ပြုပြင်ကျွေးမွေးနည်းစနစ်များကို တောင်သူပညာပေးသရုပ်ပြ
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင် သူများအား တိရစ္ဆာန်အစာပေါများစေရန်နှင့် ဒေသထွက်တိရစ္ဆာန်အစာများအား တန်ဖိုးမြင့် တိရစ္ဆာန်အစာအဖြစ် ပြုပြင်ကျွေးမွေးနိုင်ရေးအတွက် တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ရေကြည်မြို့၊ တောင်လယ်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ နို့စားနွားမွေးမြူသူ ဦးခင်မြင့်နေအိမ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။