ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက်သင်တန်းဆင်းပွဲ ကျင်းပ
Aug 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ ဆင်းရဲမှုလျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေပေးနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီ ကအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသားသံဂဟေဆက်သင်တန်း ဆင်းပွဲအခမ်းအနားကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။