သတင်းများ

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ဆို၊ က၊ ရေး၊ တီး မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး (၂/၂၀၂၄) ကျင်းပ
Aug 07,2024
 ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအ စည်းဝေး (၂/၂၀၂၄) ကိုယနေ့နံနက်က မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့ရှိ အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အ‌ခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီးစီး
Aug 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်၌ စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
Aug 07,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဩဂုတ် ၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် အမှတ် (၃) ရပ်ကွက် တပင် ရွှေထီးလမ်းဘေးတို့တွင် စားသုံးဆီများအား ပြည်သူများ၏လက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လက်ရွေးစင် ဖူဆယ်အသင်းများအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၌ လုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေးနှင့် ရေဘေးသင့် မိသားစုများ၊ ပယင်းရောင်းဝယ် ရေးလုပ်ငန်းလုပ်ကိုင်သူမျ
Aug 07,2024
၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်အားကစားပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ အမျိုးသား/ အမျိုးသမီး ဖူဆယ်အသင်းများအနေဖြင့် ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မနံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အားကစားသမားများအား သွားရောက်တွေ့ဆုံပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်သင်ကြား
Aug 07,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ရေများဝင်ရောက်ခဲ့၍ ယာယီပိတ်ထားရသော စာသင်ကျောင်း (၃၇) ကျောင်းရှိရာ ယခုအခါစာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းစံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Aug 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကို ပုံမှန် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့ အမှတ်(၁)အ.လ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင် နံရံကပ်စာစောင်ပြပွဲကျင်းပ
Aug 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်က ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။