သတင်းများ

ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်
Aug 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား‌နေသော ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေဆေး တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို သက်ဆိုင်ရာ စာသင်ကျောင်းများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး
Aug 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၉)နာရီ အချိန်ကစတင် ထိုးနှံတိုက်‌ ကျွေး ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် (၉၀) ကြိမ်မြောက် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်း အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်
Aug 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၉၀)ကြိမ်မြောက်ပညာရေးမိသားစု ပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၁)ဦးနှင့် နာရေးထောက်ပံ့ပညာရေးဝန်ထမ်း ၂ ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား အခြေခံပန်းချီ ပုံဆွဲခြင်းများ ဆောင်ရွက်ပေး
Aug 08,2024
ရှမ်းပြည်နယ်​တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များစာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကလေးများစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန် ကလေးစာဖတ်ခန်းတွင် အခြေခံပန်းချီပုံဆွဲခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့သမိုင်းဝင်မော်ဓေါမြင်သာမြို့ထောင့် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း အောင်ပွဲ အနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Aug 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရွှေဘိုမြို့မြို့ရှေးဟောင်းသမိုင်းဝင် မော်ဓေါမြင်သာ မြို့ထောင့် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်းအောင်ပွဲအနေကဇာ တင်ခြင်း နှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီချိန် အဆိုပါစေတီတော်ရှိ ဓမ္မာရုံတွင်ကျင်းပရာ သံဃာတော်အရှင်သူ မြတ်များမှစေတီတော်မြတ်ကြီးအား အနေကဇာတင် လှူပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။
ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Aug 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က (၁) ယုဇနခန်းမ၌ ကျင်းပခဲ့သည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး
Aug 08,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့နံနက် (၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။