လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းများ ဆောင်ရွက်
Aug 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကလေးစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) အချိန် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းများကို ပြုလုပ်ခဲ့ပါသည်။