သတင်းများ

မန္တလေးတိုင်းဒေသကြီးအတွင်း ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ
Jun 01,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို ယနေ့ မွန်းတည့် ၁၂ နာရီက စတင်ကျင်းပ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အဖွဲ့ သွားရောက် ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲများ စတင်ဖြေဆို
Jun 01,2021
စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ် စာမေးပွဲများကို ဇွန်(၁) ရက်၊ မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီအထိ စစ်ကိုင်းမြို့(IBEC) ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်း တွင် အစိုးရဓမ္မာစရိယ စာမေးပွဲကို စတင်ဖြေဆိုခဲ့ကြကြောင်းသိရသည်။
ကန်ကြီးထောင့် မြို့မဈေး မီးလောင်မှုဖြစ်ပွား
Jun 01,2021
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အမှတ် ၁ ရပ်ကွက်၊ ဈေးပိုင်းလမ်းရှိ မြို့မဈေးကြီးတွင် ယနေ့ နံနက် ၂ နာရီ ၄၀ ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။
ဘိုကလေးမြို့နယ်အခြေစိုက် ဧရာဝတီဒေါက်တာ နယ်လှည့်ရေပေါ်ဆေးခန်းတွင် အခမဲ့ဆေးဝါးကုသပေးမည်
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံ-ဘိုကလေးကားလမ်း၊ နတ်ချောင်းတံတားအနီးတွင် ဖွင့်လှစ်ထားရှိသည့် ဘိုကလေးမြို့နယ်အခြေစိုက် ဧရာဝတီ ဒေါက်တာ နယ်လှည့်ရေပေါ်ဆေးခန်းတွင် ဘိုကလေးမြို့နယ်အတွင်းမှ ကျန်းမာရေး စောင့်ရှောက်မှု ခံယူလိုသည့်မိဘပြည်သူများအား ယနေ့ ဇွန်(၁)ရက်နေ့မှ စတင်၍ ဇွန်(၁၀)ရက်နေ့ထိ (၁၀)ရက်ကြာ အခမဲ့ဆေးကုသ ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။
Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား ဒဏ်ရိုက်စနစ်ဖြင့်အရေးယူ
Jun 01,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ ခုနှစ် ယနေ့နံနက် ၈ နာရီအချိန် ဗိုလ်ချုပ်လမ်းဆုံ၌ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပထွက်ခွာသူများအား ဒဏ်ရိုက်စနစ်ဖြင့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြသည်။
ကော့ကရိတ်မြို့နယ်၌ ၂၀၂၁-၂၀၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေး အတွက် အခြေခံပညာကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံခဲ့ပြီး ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေပြီဖြစ်ကြောင်း သိရသည်။
မြိုင်ကြီးငူအထူးဒေသရှိ နေရပ်စွန့်ခွာ ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
Jun 01,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသရှိ ပြည်တွင်းနေရပ်စွန့်ခွာ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။