မြန်အောင် သြဂုတ် ၇
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ ဆို၊ က၊ ရေး၊ တီး မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအ စည်းဝေး (၂/၂၀၂၄) ကိုယနေ့နံနက်က မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဥ်ယဥ်မာက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအား ရှင်းလင်းတင်ပြ၍ မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲ ယခင်နှစ် ဆောင်ရွက်မှုအခြေအနေနှင့် ယခုနှစ်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဂီတပညာရှင်၊အမျိုးသားစာပေဆုရ ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော) က ဆို၊ က၊ ရေး၊ တီး ပညာရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် ပြိုင်ပွဲဝင်များ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေးဆပ် ကော်မတီများ၊ ဒိုင်အဖွဲ့နှင့် သဘင်ပညာရှင်အဖွဲ့များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်အကြံပြုပြောကြားပြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ဆို၊ က၊ ရေး၊ တီး မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲအောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အောင်မြင်စွာကျင်းပခဲ့သည်။
ဝင်းဗိုလ်(မြန်အောင်)