သတင်းများ

ဘားအံမြို့၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်း
Jul 09,2026
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဆင်းပွဲကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီက အမှတ်(၅) ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ အမျိုးသား၊အမျိုးသမီး(ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ဘောလုံးပြိုင်ပွဲ) ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 09,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာ ဦးစီးဌာန သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ကျောင်းသူများ၏ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများ ယှဥ်ပြိုင်ကစားခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ ဆုပေးပွဲ အခမ်းအနားအား ကျောင်းအားကစားခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁၄)နာရီအချိန်က မူလွန်-တော်ဝိဂုံးပိုင်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် ငဝန်တာခိုင်ခန့်မှုအ‌ခြေအနေအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီတို့ ကြည်ရှုစစ်ဆေး
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ၊ ငဝန်တာခိုင်ခန့်မှုအ‌ခြေအနေအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီတို့က ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကြည်ရှုစစ်ဆေးခဲ့ကြသည်။
ပေါင်မြို့နယ် ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်နှင့် ကဒုံစီးရပ်ကွက်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ထပ်တိုးလူနေအိမ်များအတွက် ပံ့ပိုးငွေများပေးအပ်
Jul 09,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်နှင့် ကဒုံစီးရပ်ကွက်များတွင် ဇူလိုင်လ(၅)ရက်နေ့ ညပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ထပ်တိုးလူနေအိမ်များကို  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပံ့ပိုးငွေများ‌ကို ယ‌မန်နေ့ နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 09,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပ‌ဒေအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၇ ရက်နေ့ နံနက်(၁၁)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)ရပ်ကွက် အောင်မြေလူထုဓမ္မာရုံ၌ ကျင်းပသည်။
ရေတာရှည်မြို့နယ်‌ အောင်ချမ်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အ-ထ-က(ခွဲ) အောင်ချမ်းသာကျောင်းတွင် ကျင်းပသည်။
ညောင်လေးပင်မြို့နယ် အ.ထ.က(တော်ဝိ)ကျောင်း ၌စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က (တော်ဝိ) ကျောင်း၌ကျင်းပ ပြုလုပ်ခဲ့သည်။