သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ အမျိုးသား၊အမျိုးသမီး(ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ဘောလုံးပြိုင်ပွဲ) ဆုပေးပွဲ အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း  ဇူလိုင်  ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာ ဦးစီးဌာန သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ကျောင်းသူများ၏ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများ ယှဥ်ပြိုင်ကစားခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ ဆုပေးပွဲ အခမ်းအနားအား ကျောင်းအားကစားခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပထမနှစ်နှင့်တတိယနှစ်(ဒုတိယနှစ်ဝက်)၊ဒုတိယနှစ်နှင့်စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) အမျိုးသားအသင်း(၂)သင်း၊ အမျိုးသမီးအသင်း(၂)သင်းတို့၏ ဘော်လီဘောပြိုင်ပွဲများ ယဉ်ပြိုင်ကစား ခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲ အခမ်းအနား ဆက်လက်ကျင်းပရာ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်မေစိုးခိုင်နှင့် ပါမောက္ခ ဆရာမကြီးများက ပြိုင်ပွဲ၌အနိုင်ရရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက အားကစားနည်းပြများ၊ ပညာရေးဝန်ကြီးဌာန   ကိုယ်စားပြုပိုက်ကျော်ခြင်း လက်ရွေးစင်အဖွဲ့တို့အား လက်ဆောင်ပစ္စည်းများ ဆက်လက်ပေးအပ်ကာ အခမ်းအနားပြီးမြောက်ခဲ့သည်။

ဇော်မိုး (သင်္ဃန်းကျွန်း)