ဘားအံမြို့၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်း

ဘားအံ ဇူလိုင် ၈

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဆင်းပွဲကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီက အမှတ်(၅) ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်သူ့အတွက် ကြိုးပမ်းမှုလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဘားအံမြို့တွင် ဒုတိယအကြိမ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းဆင်းအမှာစကားပြောကြားကာ ပြည်နယ်ဥပဒေအရာရှိ သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)