ညောင်လေးပင် ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က (တော်ဝိ) ကျောင်း၌ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(တော်ဝိ)ကျောင်းမှကျောင်းအုပ်ဆရာမကြီးဒေါက်တာဒေါ်ခင်ယုယုတင်က အဖွင့်မှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးတက်လာစေရန်နှင့် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဦးဆောင် ဆွေးနွေးကာ Grade(12)မှမောင်ခန့်ဇင်သော်က လူငယ်နှင့်အောင်မြင်မှု ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade(11)မှမဇွန်ဝေနှင်းက ကျန်းမာခြင်းသည် လာဘ်တစ်ပါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9)မှ မစုစုနိုင်က ပိဿာချိန်နှင့် ရောင်းစားခံရသော စာအုပ်များခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(9)မှ မဟေမာန်ပြည့်ဖြိုးက လူငယ်များ၏ အနာဂတ်အိမ်မက်နှင့်ပန်းတိုင် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မပပအေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ခေါင်းစဉ်အလိုက်မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၅၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)